Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံ၊ ဘဏ္ဍာနှင့် စီမံကိန်းရေးဆွဲနည်းသင်တန်းဆင်းပွဲ ကျင်းပ


15 Sep,2023

 လောက်ကိုင်         စက်တင်ဘာလ    ၁၅

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ စီမံ၊ ဘဏ္ဍာနှင့် စီမံကိန်းရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ(၁၅)ရက်၊ နံနက်(၁၀)နာရီအချိန်က အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

    သင်တန်းဆင်းပွဲအခမ်းအနားတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ဦးစီးဌာန၏ မျှော်မှန်းချက် ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်ဖော်ဆောင်ရန် အတွက် အဓိကပံ့ပိုးနေသူများဖြစ်သော ဦးစီးဌာန၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ဝန်ထမ်းများအနေဖြင့် ဖွံ့ဖြိုးရေးစီမံကိန်း၊ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် သင်တန်းမှ နွေးပို့ချခဲ့သည့် အသိပညာဗဟုသုတများကို  လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချသွား ကြပါရန်နှင့် လုပ်ထုံးလုပ်နည်းနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဦးစီးဌာန၏ ရည်မှန်းချက် ပန်းတိုင်များနှင့် မဟာဗျူဟာများ အောင်မြင်ပြီးမြောက်စေသော လုပ်ဆောင်ချက် အစီအစဉ်များ ရရှိရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

    ဆက်လက်၍ ဒေသဦးစီးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီးနောက် သင်တန်းသူ/သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးနှင့် ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    အဆိုပါသင်တန်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ လောက်ကိုင်မြို့နယ်၊ ကုန်းကြမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသူ/ သင်တန်းသား (၁၀)ဦးဖြင့် စက်တင်ဘာလ(၄)ရက်မှ (၁၅)ရက်အထိ ရက်သတ္တပတ်(၂)ပတ်ခန့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm