Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမကောလိပ် (ဖောင်ကြီး) အတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်


02 Jun,2022

နေပြည်တော် ဇွန် ၂

မြန်မာနိုင်ငံ၏ ပညာရေးရည်မှန်းချက်များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနသည် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ ဖွင့်လှစ်ကာ သမဝါယမပညာရပ်များအား သင်ကြားပို့ချပေးလျက်ရှိရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးသောင်းနိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်းကုန်း ကျေးရွာရှိ သမဝါယမကောလိပ် (ဖောင်ကြီး) သို့ သွားရောက်ခဲ့ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ် (ဖောင်ကြီး)သို့ရောက်ရှိပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် သမဝါယမကောလိပ် (ဖောင်ကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းမှ ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ် လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ကောလိပ်၏ အခြေ အနေများ၊ သင်ကြားပို့ချနေသော ဘာသာရပ်များ၊ ပညာသင်နှစ်အလိုက် တက်ရောက်သည့် ကျောင်းသား/သူများစာရင်း၊ ဝန်ထမ်းအင်အားစာရင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောင်းသုံးပြဌာန်းစာအုပ်များ၊ သင်ထောက်ကူပစ္စည်း များနှင့် မြက်ဖြတ်စက်များ ပေးအပ်ရာ ကျောင်းအုပ်ကြီး ဒေါက်တာတင်လဲ့လဲ့ဝင်းမှ လက်ခံရယူခဲ့ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၏ ခရီးစဉ်လုပ်ငန်းလမ်းညွှန်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးသည့် အခြေအနေများနှင့် သမဝါယမပညာရပ်များ သင်ယူနေကြသော ကျောင်းသား၊ ကျောင်းသူများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm