Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ကျေးလက်ရေရရှိလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


15 Sep,2023

မန္တလေး စက်တင်ဘာ ၁၅

           မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

 ဦးစီး ဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု(မွမ်းမံ)ရန်ပုံငွေဖြင့် မကျီးတန်းကျေးရွာ   မြေသားရေကန်ခြံစည်းရိုးကာရံခြင်းနှင့်လက်နှိပ်တုံကင်တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက မကျီးတန်းကျေးရွာ မြေသား ရေကန်ခြံစည်းရိုးကာရံခြင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် မြို့နယ်ဦးစီးမှူး က ရပ်မိရပ်ဖများ၊ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံပြီး သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး၊ သတ်မှတ်အတိုင်းအတာပြည့်မီရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် ပြောကြားသည်။

          မိတ္ထီလာမြို့နယ် မကျီးတန်းကျေးရွာ၌ ပြည်ထောင်စု(မွမ်းမံ)ရန်ပုံငွေ ခွင့်ပြုငွေကျပ် ၇ ဒသမ ၇၇သန်း အသုံးပြုပြီး မြေသားရေကန်ခြံစည်းရိုးကာရံခြင်း(၁၀၂၀’)၊ လက်နှိပ်တုံကင်(၂)စုံ တပ်ဆင် ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇူလိုင်လ (၁၉) ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၆၁ အိမ်မှ လူဦးရေ ၃၁၇ ဦး အတွက် သောက်သုံးရေ ဖူလုံမည် ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm