Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကောင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး


15 Sep,2023

မိုး‌ကောင်း  စက်တင်ဘာ ၁၅

          ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ သမဝါယမကဏ္ဍမှ မိုးစပါး စိုက်ဧက ၃၃၀၀ ဧကအား အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် ကုန်းတန်းကြီးကျေးရွာ၊ ဘောဂသိဒ္ဓိလယ်ယာနှင့် အထွေ ထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်ဝင်းစိုက်ပျိုး ထားသည့် GW-11 စပါးကို ပုံးဆွဲစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှု၊  လင်းလက်ကြယ် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်လင်းစိုက်ပျိုးထားသည့် ဆင်းဧကရီ-၃ စပါးစိုက်ပျိုးထားရှိမှုတို့ကို မြို့နယ်သမဝါယမဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အောက်တိုဘာလကုန်တွင် စပါးခင်းများ ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm