Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ်ဂုန်တောကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးခြင်း


15 Sep,2023

ညောင်ဦးမြို့နယ်  စက်တင်ဘာလ ၁၅  ရက်

          မန္တလေးတိုင်းဒေသကြီး ၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဂုန်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမအကြိမ်ထုတ်ချေးခြင်းကိုယနေ့နံနက်ပိုင်းအချိန်ကအဆိုပါကျေးရွာ၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။

          ရှေးဦးစွာ ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကျိုးကျေးဇူးများ ၊စီမံကိန်းအကြောင်းအရာများ၊ အတိုးနုန်းများနှင့် ကာလသတ်မှတ်ချက်များ ၊ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အဖွဲ့ဝင် များထံ ရန်ပုံငွေကျပ်  သိန်း ၄၉၀ လွှဲပြောင်းပေးအပ်ပါသည်။

          ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အဖွဲ့ဝင်များက ဂုန်တောကျေးရွာရှိ စိုက်ပျိုးရေး ၂၀ ဦးကိုငွေကျပ် ၁၇၁ သိန်း၊မွေးမြူရေး ၃၄ ဦးကို ငွေကျပ် ၃၁၉ သိန်း  အသင်းသား ၅၄ ဦးကို ငွေကျပ် ၄၉၀ သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm