Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး


15 Sep,2023

ရခိုင်ပြည်နယ်၊  မောင်တောခရိုင်၊ မောင်တောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊   ၂၀၂၃-၂၀၂၄ခု  ဘဏ္ဍာရေးနှစ်အတွင်း   ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့် Diamond Road ကုမ္ပဏီမှ   တာဝန်ယူဆောင်ရွက်သည့်  မောင်တောမြို့နယ်၊    ရွာသာယာကျေးရွာ  ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် Box  Culvert တည်ဆောက်ခြင်းလုပ်ငန်းသို့    ခရိုင်ဦးစီးမှူးဦးစောထွန်း နှင့်အဖွဲ့မှ (၁၂-၉-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်အတိုင်းအတာပြည့်မီစေရေး နှင့် 3rd Party စစ်ဆေးခံယူနိုင်ရေး အလေးထားဆောင်ရွက်သွားရန်  သက်ဆိုင်ရာ  ကုမ္ပဏီတာဝန်ခံ အား မှာကြားခဲ့ပါသည်။

ခရိုင်ဦးစီးမှူးနှင့် အဖွဲ့မှာ ကျေးရွာသူ/သားများတင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်တွေ့ဆုံပြီး လုပ်ငန်းများ အချိန်မှီပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝအောင်ရွက်နိုင် ရန်ကျေးရွာသူ/သားများမှ လည်း ကုမ္ပဏီ၊ဦးစီးဌာနများနှင်ညအတူပူးပေါင်းဆောင်ရွက်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm