Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရမ်းဗြဲမြို့နယ်၊သင်းပန်းချိန်ကျေးရွာ၌ သတ္တမအကြိမ်မြောက်မြစိမ်းရောင်ချေးငွေများထုတ်ချေးပေး


15 Sep,2023

ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောကြားအုပ်စု၊သင်းပန်းချိန် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလ(၆) နှစ် ပြည့်မြောက်သည့်အချိန်တွင် မြစိမ်းရောင် မတည်ရန်ပုံငွေလည်ပတ်မှုသည် ဆဌမအကြိမ်​မြောက်စက်ဝန်းဖြင့်လည်ပတ်ခဲ့ပြီးအတိုးရငွေ၏ (၅၀%)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းဖောက်လုပ်ခြင်း(၄၀၀’x၁၀’x၂’-၉”)၊ Box Culvert (၃’x၁၂’x၃’) တစ်စင်းပြုလုပ်ခြင်း နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် သုသာန်သွားလမ်းမြေသားလမ်းခင်းခြင်း(၄၈၀’x၁၀’x၂’-၆”) တို့အား ဆောင်ရွက်နိုင်ခဲ့သည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေချေးငွေများအား ယခု ၉/၂၀၂၃ လတွင် အ​ပြေအကြေပေးဆပ်ပြီးဖြစ်သောကြောင့် ယခုအခါ သတ္တမအကြိမ်ချေးငွေများအား အသင်းသား(၁၄၇)ဦးအတွက် လုပ်ငန်းအမျိုးအစားလိုက် ချေးငွေကျပ်(၄၃၇)သိန်းအား အတိုးနှုန်း(၁)ကျပ်ဖြင့် (၂)လတစ်ကြိမ်ပေးသွင်းရန်နှင့်၊ချေးငွေကာလ(၁၂)လအတွင်း အရင်း အ​ပြေ အကြေပေးဆပ်ရန် ကျေးရွာမြစိမ်းရောင်စီမံကိန်းအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်၊ ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသဖွ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ(၁၄) ရက်နေ့တွင် သန်းပန်းချိန်ကျေးရွာ၌အသင်းသား (၁၄၇) ဦးအား ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့မှထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါမြစိမ်းရောင်ကျေးရွာချေးငွေထုတ်ချေးပေးမှုအား ရမ်းဗြဲမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စီးမှူးဦးအောင်ထွန်းနှင့် ၊ တာဝန်ခံဝန်ထမ်းများမှ ကွင်းဆင်း ကြီးကြပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm