Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် မိုးကောင်းခေတ်မီစံပြကျေးရွာ၌ RBF စီမံကိန်းရန်ပုံငွေထုတ်ချေး


15 Sep,2023

အောင်လံ     စက်တင်ဘာ     ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းခေတ်မီစံပြကျေးရွာ၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ရန်ပုံငွေထုတ်ချေးပေးခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် အစုအဖွဲ့စနစ်ဖြင့် ရန်ပုံငွေထုတ်ချေးမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး RBF စီမံကိန်းရန်ပုံငွေကျပ်သိန်းသုံးရာကို မိုး ကောင်းခေတ်မီစံပြကျေးရွာရှိ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်မည့် အစုအဖွဲ့ ၄ ဖွဲ့ဖြစ်သည့် နှင်းဆီအဖွဲ့၊ စံပယ်အဖွဲ့၊ ကံ့ကော်အဖွဲ့နှင့် တခိုင်လုံးရွှေအဖွဲ့တို့ကို တစ်ဖွဲ့လျှင် ငွေကျပ် ၇၅ သိန်းစီကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ မိုးကောင်းခေတ်မီစံပြကျေးရွာရှိ အသေးစား၊ အလတ်စားစီပွားရေးလုပ်ငန်းလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးရရှိပြီး အဆိုပါလုပ်ငန်းများကို အစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm