အောင်လံ စက်တင်ဘာလ ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးကောင်းကျေးရွာ အုပ်စု၊ မိုးကောင်းကျေးရွာ၌ ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း(RBF) ရန်ပုံငွေ ပထမအကြိမ်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက စီမံကိန်းချေးငွေများကို ကျေးရွာရှိ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေးအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ ထုတ်ချေး ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် ကျေးလက်စီးပွားရန်ပုံငွေမြင့်မားရေး ထူထောင်ခြင်းစီမံကိန်း ပထမအကြိမ်အဖြစ် အောင်လံမြို့နယ် မိုးကောင်းကျေးရွာရှိ တစ်နှစ်သား ဒေသနွားမွေးမြူခြင်းလုပ်ငန်းလုပ်ကိုင်မည့်သူ အဖွဲ့ဝင်ဦးရေ၁၅ဦးပါ အစုအဖွဲ့သုံးဖွဲ့နှင့် အဖွဲ့ဝင် ခုနှစ်ဦးပါ အစုအဖွဲ့ တစ်ဖွဲ့တို့အတွက် တစ်ဖွဲ့လျှင် ငွေကျပ် ၇၅သိန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကို ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်