Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တုံးလှဲကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းနှင့် Mobile Solar ရေသန့်စင်စနစ်လုပ်ငန်းအား စစ်ဆေး


14 Sep,2023

ကျိုက်လတ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေါပုံကျေးရွာအုပ်စု၊ တုံးလှဲကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Mobile Solar ရေသန့်စင်စနစ် ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်နှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းတာဝန်ခံများနှင့်အတူ တုံးလှဲကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းနှင့် Mobile Solar ရေသန့်စင်စနစ် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာစီမံကိန်း ကော်မတီဝင်များအနေဖြင့် စီမံကိန်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန် ဆွေးနွေးပြောကြားသည်။

ကျေးရွာတွင်းလမ်းအရှည် ၁၂၀၅ပေ၊ အကျယ် ခြောက်ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် Mobile Solar ရေသန့်စင်စနစ်ဆောင်ရွက်နေမှုအခြေအနေများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေေကျပ် ၁၅၀ သိန်း ရင်းနှီးမြှုပ်နှံပြီး၊ ကျေးရွာပြည်သူထည့်ဝင်ငွေကျပ်သိန်း ၃၀စုစုပေါင်း ကျပ်သိန်း ၁၈၀ဖြင့် မြို့နယ်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများ၊ အင်ဂျင်နီယာဝန်ထမ်းများ၏ ကြီးကြပ်မှု၊ နည်းပညာပံ့ပိုးမှုတို့ဖြင့် ကျေးရွာသူ/သားများကိုယ်တိုင် ဩဂုတ်လ ပထမအပတ်မှ  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၀ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ ကျေးလက်နေပြည်သူတို့အတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုစနစ်များ၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓါတ်များ ယခင်ကထက် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်