Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လားရှိုးမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိ


14 Sep,2023

နေပြည်တော် စက်တင်ဘာ ၁၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၏ (၉-၉-၂၀၂၃ မှ ၁၁-၉-၂၀၂၃) ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက် များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် စက်တင်ဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့ တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ကွင်းဆင်းဆောင်ရွက်သည်။

ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် လားရှိုးမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဝန်ကြီးဌာနရှိ ဦးစီးဌာနများ မှ ခရိုင်အဆင့် / မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ကြရေး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ် ကွပ်ကဲကာ ဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရေး မှာကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်သည် လားရှိုးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၆ ခန်းတွဲ ၂ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး၊ အရည်အသွေးပြည့်မီရေး ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်သည် စက်တင်ဘာလ ၁၃ ရက်နေ့တွင် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်စံလွယ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အလျား ၁၀၀ ပေ၊ အနံ ၄၀ ပေ၊ အမြင့် ၁၂ ပေရှိ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှုအားလည်းကောင်း၊ မယ်ဟန် ကျေးရွာအုပ်စု၊ ကောင်းခါးကျေးရွာတွင် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ကောင်းကြဲ(အီ)ကျေးရွာအုပ်စု၊ ကောင်းကြဲ(အီ)ကျေးရွာတွင် အရှည် (၂) မိုင်ရှိ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm