Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


02 Jun,2022

လယ်ဝေးမြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မေလစတုတ္ထပတ်တွင် လယ်ဝေးမြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်သမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ယုယုအေးနှင့်တာဝန်ရှိသူများ၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ လယ်ဝေးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် အခြေခံသမဝါယမအသင်းများမှ အသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တိုင်းဦးစီးမှူး ဒေါ်ယုယုအေးနှင့် လယ်ဝေးမြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာနှင့် အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်၏ အစီရင်ခံစာများနှင့် အသင်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး အခြေအနေများကို အမှုဆောင်အဖွဲ့ဝင်အသီးသီးမှ ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ အသင်းဝင်ကိုယ်စားလှယ် (၄၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm