Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဆရာအဖြစ်သင်တန်း(TOT-Training) ဖွင့်ပွဲအခမ်းအနားကျင်းပ


14 Sep,2023

ရခိုင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ်များ တွင်ဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) ဆရာအဖြစ်သင်တန်း(TOT-Training) သင်တန်းဖွင့်ပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးမောင်ဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ် မှ တက်ရောက်ဖွင့်လှစ်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းအကြောင်းအရာများအား ဒေါ်မီမီထွေး၊ ညွှန်ကြားရေးမှူး(ရုံးချုပ်) မှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး သင်တန်းသူ/သားများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ရာ သင်တန်းဖွင့်ပွဲအား (၁၄.၉.၂၀၂၃) ရက်နေ့နံနက် ၁၀:၀၀ အချိန်တွင် ပြီးဆုံးခဲ့ပြီး အဆိုပါသင်တန်းအား (၁၄.၉.၂၀၂၃) ရက်နေ့မှ (၁၆.၉.၂၀၂၃) ရက်နေ့ထိသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်အားခပေး ဖွံ့ဖြိုးရေးစီမံကိန်း (Cash For Work) အား ရခိုင်ပြည်နယ်အတွင် မိုခါမုန်တိုင်းကြောင်း ပျက်စီးဆုံးရှုံးခဲ့သော မြို့နယ်များတွင် ဆောင်ရွက် သွားမှာဖြစ်ပြီး ကျေးလက်နေပြည်သူများ ကျေးလက် လှုမှုစီးပွားရေးနှင့် ကျေးလက်နေပြည်သူများ ၏ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် ပညာရေး၊ ကျန်းမာရေးအတွက်လည်းအထောက်အကူပြုသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm