Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် ကုန်းသာ-တောင်မန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး


14 Sep,2023

မင်းဘူး စက်တင်ဘာ ၁၃

        မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကုန်းသာ-တောင်မန်း ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရွှေစင်ဦး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ)၊ ဦးခိုင်မင်းစိုးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာချင်းဆက်လမ်း ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်သည့် Union-7 ကုမ္ပဏီ တာဝန်ခံအင်ဂျင်နီယာက ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ မြို့နယ်တာဝန်ခံ ဒေါ်ရွှေစင်ဦးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

      ကုန်းသာ-တောင်မန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင် ၅ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ သုံးလက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၃၉၇ ဒသမ ၅၇၅ သန်းဖြင့် Union-7 ကုမ္ပဏီ က ယခုနှစ် ဇူလိုင်လ ဒုတိယပတ်က စတင်၍တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများ ၃၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မင်းဘူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ရွှေစင်ဦးထံမှ သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm