Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကုတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအမှုထမ်းများငွေစု၊ ငွေချေးသမဝါယမ အသင်း(လီမိတက်)အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ


13 Sep,2023

တောင်ကုတ်   စက်တင်ဘာ    ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အစိုးရအမှုထမ်းငွေစုငွေချေး သမဝါယမအသင်း(လီမိတက်) ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာ ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် အမှုထမ်းများငွေစုငွေချေးသမဝါယမအသင်း(လီမိတက်)ဥက္ကဋ္ဌ ဦးစံရွှေသာ နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မောင်ရီ တို့ကအမှာစကားပြောကြားပြီးနောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဒါရိုက်တာအဖွဲ့ဝင် ဦးဇော်မင်းထွန်းကလည်းကောင်း၊ ဘဏ္ဍာရေးရှင်းတမ်းကို မြို့နယ်သမဝါယမဦးစီးဌာနမှ အကြီးတန်း စာရေးဦးသူရက ဖတ်ကြားရှင်းလင်းပြီး အသင်းသားများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်ဘဏ္ဍာ ရေးရှင်းတမ်းများကို အတည်ပြုကြ သည်။

ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးတေင်မောင်ရီနှင့် အသင်း ဥက္ကဋ္ဌ ဦးစံရွှေသာတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အသင်းသားများ၏သား/သမီးများသို့ ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။

မြို့နယ်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm