Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

“အမ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပခြင်း ”


13 Sep,2023

အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် “ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF)” ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို (၁၂-၉-၂၀၂၃)ရက်နေ့မွန်းလွဲ(၁၄:၀၀)နာရီအချိန် အမ်းခရိုင်၊ အမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးအောင်ဇော်ထက်၊ အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခင်မောင်ဝင်း၊  အမ်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုး၊ အမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးစိုးမင်းထက်၊ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးခင်မောင်ဝင်း၊ အမ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ VDP နှင့် RBF ကျေးရွာ(၇)ရွာမှ ကော်မတီဝင်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ကြပါသည်။

          အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်း က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် အခြေ အနေများအား သေးစိတ်ချပြရှင်းလင်းပါသည်။

 အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးစိုးမင်းထက် တို့က အခမ်းအနားတက်ရောက်လာသော ကျေးရွာကော်မတီများအား အမှာစကားပြောကြားပြီး အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးအောင်ဇော်ထက် ၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးစိုးမင်းထက် နှင့် အမ်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်စိုး တို့က ရန်ပုံငွေများလွှဲပြောင်းပေးခဲ့ကြကာ ညနေ(၁၅:၃၀) နာရီအချိန်တွင် အခမ်းအနားပြီးစီးကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm