ဟင်္သာတ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ သံကြိုးတန်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမ အကြိမ် ထုတ်ချေးခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့နံနက်ပိုင်း က တာဝန်ရှိသူများ ကျေးရွာအရောက် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင် ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ၊ကျေးရွာနေ ပြည်သူများ ထားရှိရမည့် ကျေးရွာစိတ်ဓါတ်တို့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာန ၏ ဥပဒေ၊နည်းဥပဒေ များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း နှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များ ထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာမြစိမ်းရောင်စီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက သံကြိုးတန်း ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမ အကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၄၃ ဦး ထံသို့ ရန်ပုံငွေ ၄၃၂ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆ ဦီးထံသို့ ၁၀ ဒသမ ၅ သိန်း၊အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၅ဦး ထံသို့ ၉ဒသမ ၅ သိန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂၅ ဦးထံသို့ ၄၈ သိန်း ၊ စုစုပေါင်း အသင်းဝင် ၁၇၉ ထံသို့ ရန်ပုံငွေ ၅၀၀ သိန်း အား တစ်ဦးချင်း ထုတ်ချေးပေးခဲ့ကြောင်းဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်