Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ် ဒေါင့်ဘိုးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမ‌ပျောက်လည်ပတ်ရန်ပုံငွေ ဒသမ အကြိမ်ထုတ်ချေးပေး


14 Sep,2023

စလင်း     စက်တင်ဘာ   ၁၄
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအ‌နေဖြင့်ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ကျစေရန်၊တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌ မွေးမြူရေးလုပ်ငန်းများ၊အခြားမိသားစုဝင်ငွေရစီးပွား‌ ရေးလုပ်ငန်းများ‌ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သရက်ချဉ်ကျေးရွာအုပ်စု၊ဒေါင့်ဘိုး ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမ အကြိမ်ထုတ်ချေးပေးခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
ရှေးဦးစွာ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမောင်မောင်သွင်ကတက်ရောက်လာသူများအား မိတ်ဆက်အမှာစကား ပြောကြားပြီး မြစိမ်းရောင် ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံအဆင့်ဆင့် ၊စီမံကိန်းလက်စွဲစာအုပ်ပါနည်းဥပဒေနှင့်စည်မျဉ်းစည်းကမ်းများ၊မတည်ရန်ပုံငွေ အရင်းအတိုးပေးဆပ်ရမည့်ကာလများနှင့်ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအားရှင်းလင်းပြောကြားပြီး‌နောက် မြို့နယ်ဦးစီးမှူးကဒေါင့်ဘိုးကျေးရွာတွင်ဒသမ အကြိမ်ထုတ်ချေးမည့် ရန်ပုံငွေ ကျပ် ၅၅ ဒသမ ၅သန်းအား ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
 
ထို့နောက် ဒေါင့်ဘိုးကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့သည် မြို့နယ်မှတာဝန်ရှိသူများ၏ ကြီးကြပ်မှုနှင့်အတူ ဒသမ အကြိမ်တွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၀၃)ဦးအတွက်ကျပ် ၄၅ဒသမ ၄၆သန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၃)ဦးအတွက် ကျပ် ၈ဒသမ ၂၁ သန်းနှင့်အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ(၅)ဦးအတွက်‌ ငွေကျပ် ၁ဒသမ၈၃သန်းစုစုပေါင်းချေးငွေရယူသူ အသင်းသား (၂၄၁)ဦးအတွက် ငွေကျပ် ၅၅ဒသမ၅သန်းအား
တစ်လလျှင်အတိုးနှုန်း ပြားငါးဆယ်တိုးဖြင့်တောင်သူလက်ဝယ်ရောက်ရှိအော်ထုတ်ချေးပေးခဲ့ပြီး လုပ်ငန်းများလည်ပတ်ဆောင် ရွက်လျက်ရှိကြောင်းစလင်းမြို့နယ် ကျေးလက်ဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm