ရေနံချောင်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ချောင်းဆုံကျေးရွာအုပ်စု၊ ဆေးပုလဲတောကျေးရွာတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့ က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရေနံချောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဖြင့် ဆေးပုလဲတောကျေးရွာရှိ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေးလုပ်ကိုင်လိုသူများ လိုအပ်သည့် ငွေကြေးအရင်းအနှီးရရှိစေရန် ရည်ရွယ်၍ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များထံ ရန်ပုံငွေကျပ် ၂၁ ဒသမ ၈သန်း လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကော်မတီဝင်များက ဆေးပုလဲတောကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၈၁ဦး၊ မွေးမြူရေးလုပ်ကိုင်သူ သုံးဦး၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၈၄ဦးကို ရန်ပုံငွေကျပ် ၂၁ ဒသမ ၈ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်