Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နွားထိုးကြီးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား ကျေးရွာ(၆ )ရွာတွင်‌ အကောင်အထည်ဖော်ဆောင်ရွက်မည်


12 Sep,2023

နွားထိုးကြီး စက်တင်ဘာ ၁၂ ရက်

          နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်မည့်  ဖွံ့ဖြိုးရေးလုပ်ငန်း ကျေးရွာ(  ၆ )ရွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းထံမှ သိရှိရသည်။

အဆိုပါစီမံကိန်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေသန်း (၁၅)သန်း နှင့် ကျေးရွာမှထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။ အကောင်အထည်ဖော်‌ဆောင်ရွက်မည့် ကျေးရွာ(၆)ရွာမှာ မိုးကန်(နောက်)ကျေးရွာ၊ မင်းကုန်းကျေးရွာ၊ သရက်ကန်ကျေးရွာ၊ ဝက်လူး(ရှေ့)ကျေးရွာ၊ တံတားဦးကျေးရွာ၊ ညောင်ပင်ကျေးရွာများတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ 

၎င်းကျေးရွာများမှလည်း မိမိတို့ကျေးရွာများတွင် အစည်းအဝေးများပြုလုပ်ပြီး ကျေးရွာများတွင် လိုအပ်နေသော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ၊ ဆိုလာစနစ်သုံးရေသန့်စင်စက်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ကျေးရွာတွင် ရေစီးရေလာပိုမိုကောင်းမွန်စေရန် အုတ်စီရေမြောင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm