Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး


13 Sep,2023

လောက်ကိုင်         စက်တင်ဘာ ၁၃

    သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ လောက်ကိုင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ တာစင်ကျိုင်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)အား နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာများ၏ ပကတိ အမှန်လိုအပ်ချက်ဖြစ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၁၃)ရက်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူဇာထွန်း၊ လောက်ကိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နန်းနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ထင်ပါကျိုင်းကျေးရွာအုပ်စု၊ တာစင်ကျိုင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း(၄၀၀’x၁၂’x၆’’) ဆောက်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆိုလာစနစ်သုံးရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး ခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီများ(VDCs)နှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီးသော ဖွံ့ဖြိုးရေးလုပ်ငန်း များကို ရေရှည်တည်တံ့အောင် ဆက်လက်ထိန်းသိမ်း၍ အကျိုးရှိစွာ အသုံးချကြပါရန်  ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသဦးစီးမှူး ဦးဆက်နိုင်ထွန်းက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

    အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အားလုံးကို ကျေးရွာသူ/ ကျေးရွာသားများ ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက နည်းပညာပိုင်း အနီးကပ် ပံ့ပိုးကြီးကြပ် ပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။      

ဆက်ချစ်(ကျေးလက်)

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm