Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းဖွင့်


13 Sep,2023

လှိုင်းဘွဲ     စက်တင်ဘာ     ၁၃

    ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွား စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်း ဖွင့်ပွဲကို စက်တင်ဘာ ၁၂ ရက် နံနက် ၁၁နာရီက ဒိုင်းပြကျေးရွာအုပ်စု၊  ဒိုင်းပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရှေးဦးစွာ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး  ဦးဝင်းနိုင် က အဖွင့်အမှာစကားပြောကြားပြီး ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်နှင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်နိုင်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

    ဆက်လက်၍  သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့် သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြော ကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများထံ  သင်ထောက်ကူ ပစ္စည်းများ  အသီးသီးပေးအပ်ကြသည်။

    အဆိုပါ သင်တန်းသို့ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာအုပ်စုရှိ ကျေးရွာသုံးရွာ မှ သင်တန်းသား ၁၀ ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြဆရာက စာတွေ့လက်တွေ့ဖြင့်   စက်တင်ဘာ ၁၂ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ၁၄ရက်ကြာ အခမဲ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm