Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါန်းဇွန်မြို့နယ်ရွာသစ်ကျေးရွာ၌ရေပေးရေးလုပ်ငန်းနှင့်အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ကိုင်ရရှိမှုကွင်းဆင်းစစ်ဆေး


12 Sep,2023

ငါန်းဇွန် စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊တံတားဦးခရိုင်၊ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု (ဆပ်ပြာဆီ) ပြုလုပ် နည်းသင်တန်း ဖွင့်လှစ်ပြီးစီးခဲ့သည့် သင်တန်းသူ/ သားများ၏ လုပ်ငန်းခွင်အသုံးချနိုင်မှု အခြေ အနေများ ကို တံတားဦးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်း နှင့် တာဝန်ရှိ သူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်တာဝန်ခံအင်ဂျင်နီယာ၊ ငါန်းဇွန်မြို့နယ်မှ မြို့နယ်ဦးစီးမှူး နှင့် တာဝန်ခံအင်ဂျင်နီယာတို့ လိုက်ပါလျှက် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင် စုရန်ပုံငွေ၊ တင်ဒါစနစ်ဖြင့် ဆောင်ရွက်သည့် ကျေးလက်ရေပေးရေးလုပ်ငန်း အခြေအနေ များကို ကြည့်ရှု့စစ်ဆေး ပြီးနောက် ခရိုင်ဦးစီးမှူး ဒေါ်ခင်မာစန်းက လုပ်ငန်းစံချိန်စံညွှန်း ပြည့်မီပြီး သတ်မှတ် ထား သော ဘဏ္ဍာ ရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။

          ဆက်လက်၍ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု(ဆပ်ပြာဆီ)ပြုလုပ်နည်း သင်တန်းတွင် တတ်ရောက်ခဲ့သည့် ရွာသစ်ကျေးရွာရှိသင်တန်းသူများ၏ လုပ်ငန်းခွင်ပြန်လည်အသုံးချနိုင်မှု အခြေအနေ တို့ကို ကွင်းဆင်းကြည့်ရှု့ရာ သင်တန်းသူများမှ ဒေသနှင့်ကိုက်ညီသည့် ဝင်ငွေတိုး လုပ်ငန်းဆောင်ရွက်နိုင်ခြင်း၊ အိမ်တွင် ကိုယ်ပိုင်စီးပွာရေးလုပ်ငန်းဆောင်ရွက်ခွင့်ရရှိခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာခြင်း၊ နည်းပညာနှင့် ကျွမ်းကျင်မှုအား လက်ဆင့်ကမ်းမျှဝေနိုင်ခြင်း၊ စီးပွားရေးဈေးကွက် တွင်ပိုမိုအမြင်ကျယ်လာခြင်းနှင့် ဗဟုသုတများပိုမိုရရှိလာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိလာ ပါကြောင်း သင်တန်းသူများကိုယ်စား ဒေါ်ခင်ငြိမ်းငြိမ်းက ဝမ်းသာပီတီဖြစ်ရပါ ကြောင်း ပြောကြား ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ လုပ်ငန်းတိုးချဲ့ဆောင်ရွက်လိုသူ သင်တန်းသူများအတွက် လိုအပ်သော အရင်းအနှီးကို မြစိမ်းရောင်စီမံကိန်းမှ  ထုတ်ချေးပေးနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm