Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အမရပူရမြို့နယ် တောင်ယဉ်ပုံကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေ ထုတ်ချေးမှုကွင်းဆင်းစစ်ဆေး


12 Sep,2023

အမရပူရမြို့၊ စက်တင်ဘာလ ၁၂ ရက်

အမရပူရမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၁၆-၂၀၁၇ ခု ၊ ဘဏ္ဍာရေး နှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တောင်ယဉ်ပုံကျေးရွာ ၊ မြစိမ်းရောင် စီမံကိန်းချေးငွေအား ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးမှုအား ယနေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။

          တောင်ယဉ်ပုံကျေးရွာ မြစိမ်းရောင်စီမံကိန်းချေးငွေအား ဆပ်/ထုတ်စနစ်ဖြင့် အဌမအကြိမ် မြောက် ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေး(၇)ဦးအား ငွေကျပ်(၄.၉)သန်း၊ မွေးမြူရေး(၈)ဦးအား ငွေကျပ်(၂.၉)ကျပ်သန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း(၅၈)ဦးအား ငွေကျပ်(၁၉.၃)ကျပ်သန်း ၊ အရောင်းအဝယ် (၃၄)ဦးအား ငွေကျပ်(၁၄.၄၅)ကျပ်သန်း၊ အသက်မွေးဝမ်းကျောင်း (၆၆)ဦးအား ငွေကျပ်(၁၅.၅၅)ကျပ်သန်းနှင့် စုစုပေါင်း အသင်းသား/သူ (၁၇၃)ဦးအား ငွေကျပ် (၅၇.၁၀၀) ကျပ်သန်း ထုတ်ချေးခဲ့ပါသည်။မြို့နယ်ဦးစီးမှူးမှ ကျေးရွာကော်မတီဝင်များ နှင့် အသင်းသား/သူများ အား မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းအား နောင်တွင်လည်း အောင်မြင်စွာဆက်လက်ဆောင်ရွက်စေလိုကြောင်းနှင့် အသင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခဲ့ပါသည်။

          ထိုနောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများသည် တောင်ရွာလေးကျေးရွာသို့ ဆက်လက်၍ မြစိမ်းရောင်ချေးငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေသည်များကို ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm