Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် မယ်ဇလီအိုင့်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေထုတ်ချေး


12 Sep,2023

ပျော်ဘွယ်    စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှအကောင်အထည် ဖော်‌ ဆောင်ရွက်လျက်ရှိသော မယ်ဇလီအိုင့်ကျေးရွာမြစိမ်းရောင်(ဆီထွက်သီးနှံ) အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယ အကြိမ် ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၊ ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က မြစိမ်း‌ရောင် ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ဖြင့်  ကျေးလက်နေပြည်သူများဆင်းရဲမှုလျော့ချစေရန်နှင့် တစ်နိုင်တစ်ပိုင်ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ထုတ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ‌ချေးငွေထုတ်ချေး ရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးဦးအေးမင်းနိုင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းရန်ပုံငွေကျပ်သန်း (၂၀.၀၀၀၀၀၀) သန်းလွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရ သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက မယ်ဇလီအိုင့်ကျေးရွာရှိ ဆောင်းနေကြာစိုက်ပျိုး‌ရေးလုပ်ငန်း လုပ်ကိုင်သူ ဦးရေ (၅၃)ဦး အားမြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကျပ် (၂၀.၀၀၀၀၀၀) သန်း ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm