Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်


02 Jun,2022

မိတ္ထီလာ၊ ဇွန် ၁

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပရာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်း ကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယအုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်က သင်တန်းနှင့်စပ်လျဉ်း၍ သင်တန်းအစီအစဉ်များ၊ သင်တန်းအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်းတွင် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ ကလေးဘောင်း ဘီတိုချုပ်ခြင်း၊ အမျိုးသမီးဝတ်အင်္ကျီချုပ်ခြင်း၊ ကလေးဝတ်အင်္ကျီချုပ်ခြင်း၊ ကြယ်သီးတပ်ခြင်းနှင့် လက်ချုပ်လိုက်ခြင်း ဘာသာရပ်တို့ကို စာတွေ့ လက်တွေ့ တစ်လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm