Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် ချင်းလားကျေးရွာ၌ ရေပေးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်း


12 Sep,2023

မလှိုင်  စက်တင်ဘာ ၁၂

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၄−၂၀၂၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်လျာထားသည့် ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာ၌  ရေပေးရေးလုပ်ငန်း လျာထားဆောင်ရွက်နိုင်ရန်အတွက်  ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် ဝန်ထမ်းများက ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာ၌  ဂါလံ(၅၀၀၀)ဆံအုတ်ရေကန်၊ ၂၂ကောင်အင်ဂျင်နှင့် ၃ထပ်ပန့် တပ်ဆင်ခြင်း၊ ၂”Ø (၄၀၀၀’) ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းအတွက် ကုန်ကျငွေ( ၁၉.၇၆)ကျပ်သန်း ဆောင်ရွက်နိုင်ရေး အခြေ အနေအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့် တွေ့ဆုံ ကာ ရေပေးရေးလုပ်ငန်း လျာထားတင်ပြထားကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

          ချင်းလျားကျေးရွာ၌ ရေပေးရေးလုပ်ငန်းဆောင်ရွက်ခြင်းကို နိုင်ငံတော်ဘတ်ဂျတ် ကျပ်သန်း (၁၉.၇၆)ဖြင့် လျာထားတင်ပြထားကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm