Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေတောင်အုပ်စု၊ရွှေဂံကျေးရွာတွင်VDPစီမံကိန်းဖြင့်ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်နေမှုကွင်းဆင်းခြင်း


12 Sep,2023

ဝမ်းတွင်း  စက်တင်ဘာ ၁၂

          ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (VDP)ဖြင့်    ဆင်ချီတိုင်အုပ်စု၊    ဆားတောင်ကျေးရွာ၊ ဗြင်ကြီးအုပ်စု၊   ကျွဲတပ်ကျေးရွာ၊  ရာသင်္ချာအုပ်စု၊  ရာသင်္ချာကျေးရွာ၊  တောင်ဘိုအုပ်စု၊    တောင်ဘို ကျေးရွာ၊  ရွှေတောင်အုပ်စု၊  ရွှေဂံကျေးရွာ၊  ထီးလှိုင်အုပ်စု၊  ထီးလှိုင်(န) ကျေးရွာတို့တွင်  နိုင်ငံတော် ထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄.၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင် ရွက်လျှက် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ တွင် အဆိုပါကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦး နှင့် ဦးစီးအရာရှိ(နည်း) ဒေါ်ခိုင်ခိုင်စိုးတို့မှ ရွှေတောင် အုပ်စု၊ရွှေဂံကျေးရွာ တို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကွန်ကရစ်လမ်းခင်းရာတွင် သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။

          ယခုအခါ ရွှေတောင်အုပ်စု၊ရွှေဂံကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း(၇၅၀¢x၁၂¢x၀¢-၆²) မှာ လမ်းပေရှည်(၄၅၀¢) ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးပြီး ရာခိုင်နှုန်းအားဖြင့်(၅၀% )ပြီး စီးပြီးဖြစ်ပါသည်။  အဆိုပါလုပ်ငန်းဆောင်ရွက်ပြီးစီးပါက  ရွှေတောင်အုပ်စု၊ ရွှေဂံကျေးရွာရှိ အိမ်ခြေ (၂၂၁)အိမ်၊လူဦးရေ(၉၉၀) ဦးအား အကျိုးပြုမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm