Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သပိတ်ကျင်းမြို့ကျေးလက်ရုံး ၌ အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ


12 Sep,2023

သပိတ်ကျင်း      စက်တင်ဘာ ၁၂

 သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အခမ်းအနားဖွင့်ပွဲကို ယနေ့ နံနက် ၁၀နာရီ အချိန်က သပိတ်ကျင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သပိတ်ကျင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင် က သင်တန်းအဖွင့်အမှာ စကားပြောကြားပါသည်။

ဆက်လက်၍ သပိတ်ကျင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စိုး က အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သပိတ်ကျင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိုး က အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု စက်ချုပ်သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကျေးရွာမှ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရေး နှင့် မိသားစုဝင်ငွေတိုးပွားစေရေးအတွက် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ သင်တန်းဆရာမ မှ သင်တန်း တက်ရောက်ရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ၊ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊သပိတ်ကျင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ၊  မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ၊ မြို့နယ် ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများ ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသူ (၁၀) ဦး တို့မှ တက်ရောက်ကြပြီး သင်တန်းတွင် ပညာရှင်ဆရာမ တစ်ဦးမှ စာတွေ့ / လက်တွေ့ (၂) မျိုးဖြင့် စက်တင်ဘာလ (၁)ရက် နေ့မှ စက်တင်ဘာလ(၃၀) ရက်နေ့အထိ ရက်(၃၀)ကြာ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm