Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျောင်းစုကျေးရွာ ရေပေးရေးလုပ်ငန်း ဆောင်ရွက်နေမှုအား အခြေအနေ ကွင်းဆင်းခြင်း


12 Sep,2023

ကျောက်ပန်းတောင်း   စက်တင်ဘာလ   ၁၂

ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တင်ဒါရကုမ္ပဏီဖြစ်သည့် Yadanarpon Crystal Light ကုမ္ပဏီမှ ဆောင်ရွက်သည့်  ကျောင်းစုကျေးရွာ အပိုင်း (၂) မြေသားရေကန် တူးဖော်ခြင်း (၅၅၀' x  ၅၀၀' x  ၄') လုပ်ငန်း ခွင့်ပြုငွေ (၉၃.၃၈) သန်းဖြင့် ၂၆.၆.၂၀၂၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့မှု အခြေအနေအား (၅.၉.၂၀၂၃) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ၊ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) နှင့်   အဖွဲ့ရုံးမှ တာဝန်ခံ အင်ဂျင်နီယာ နှင့်အတူ  အင်/ယာအဖွဲ့များ ကွင်းဆင်းကြည့်ရှုခဲ့ရာ မြေပြင်တွင် (၉၅ %) ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ လက်ရှိတွင် မြေသား ရေကန်မိုးရေဝင်ရောက်လျှက်ရှိပြီး လုပ်ငန်း (၁၀၀ %) ဆောင်ရွက်ပြီးစီးပါက ကျေးရွာ (၆) ရွာရှိ အိမ်ခြေ (၁၀၂၇) အိမ်၊ လူဦးရေ (၅၅၀၆) ဦးတို့အား သောက်သုံးရေဖူလုံသွားမည်ဖြစ်ပါကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm