ပြင်ဦးလွင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးအခမ်းအနားကို အိုအေစစ်အဆင့် မြင့်ဧည့်ရိပ်မွန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်မိုးတင့်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်နှင့် ဝန်ထမ်းများ တိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်ဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များ အခြေခံသမဝါယမ အသင်းများမှ အသင်းဝင်ကိုယ်စားလှယ်များ တက်ရောက်သည်။
၂ဝ၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အစည်းအဝေးတွင် သဘာပတိအဖြစ် ဥက္ကဋ္ဌ ဦးအောင်တင်မှ ဆောင်ရွက်ပြီး အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းများကို မန်နေဂျာဒေါ်ရီရီသိန်းမှ ရှင်းလင်းဖတ်ကြားသည်။ ထို့နောက် သဘာပတိက တက်ရောက်လာသောအသင်းဝင် ကိုယ်စားလှယ် များထံမှ အတည်ပြုချက်ရယူခဲ့ပြီး အခြေခံသမဝါယမအသင်းများသို့ အစုပေါ်အမြတ်ကျပ်သိန်း(၄၀) ကျော်နှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့ကြသည့် အခြေခံသမဝါယမအသင်းအမှုဆောင် သား/သမီးများအား ပညာသင်ထောက်ပံ့ကြေး ကျပ်နှစ်သိန်းတစ်သောင်းကို ထောက်ပံ့ပေးအပ် ခဲ့ကာ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များအား နှစ်သောင်းနှုန်းဖြင့် ကျပ်သိန်းနှစ်ဆယ် ပေးအပ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်