ဟိုပန် စက်တင်ဘာ ၉
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ အထွေထွေအရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေး ကို စက်တင်ဘာ ၈ ရက်နေ့ မွန်းလွှဲ ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟိုပန်ခရိုင်ရုံးCommunity Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်ဥက္ကဌ ဦးသိန်းအောင်က၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အသင်း၏လုပ်ငန်းလည်ပတ်မှုအခြေအနေကို လည်းကောင်း၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဦးညီညီအောင်က အသင်းသူအသင်းသားများ၏ စုဆောင်းငွေအပေါ်အမြတ်ငွေခွဲဝေ ပေးနိုင်မှုအခြေအနေ၊ အသင်းသူအသင်းသားများ သိရှိလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းတို့ကို လည်းကောင်း၊ အသင်းအတွင်းရေးမှူးဒေါ်အေးအေးချိုက အသင်းသူအသင်းသားများ၏ လိုအပ်ချက် အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်။
ထို့နောက် အသင်းသူအသင်းသားများ၏ သားသမီးများထဲမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ ရိုးရိုးအောင်မြင်သူ(၃)ဦးတို့ကို ရိုးရိုးအောင်မြင်သူ တစ်ဦးလျှင်ငွေကျပ်(၃၀၀၀၀/)၊ ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ်(၂၀၀၀၀/)နှုန်းဖြင့် အသင်းဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ဆက်လက်၍၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသင်းသူအသင်းသား(၄၉၃)ဦးတို့ကို စုဆောင်းငွေအပေါ်အမြတ်ငွေကျပ်သိန်းနှစ်ရာတစ်ဆယ်ကျော် ကို သက်ဆိုင်ရာဌာနကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်