ပုသိမ်ကြီး စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အစားထိုး ရွှေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ငွေ၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်မိုးနွယ်နှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများ၊ အခြေခံအသင်းဝင် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာသဘာပတိမှ အဖွင့်အမှာစကားပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က လမ်းညွှန်စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ငွေက အမှာစကား ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်တင်မိုးနွယ်က သမဝါယမလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးတင်ပြ ခဲ့သည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး ရှင်းတမ်းများနှင့် အမြတ်ခွဲဝေစာရင်းများအား ဖတ်ကြားခြင်း၊ မြို့နယ်အသင်းစု ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ နှင့် ရှေ့လုပ်ငန်းစဉ်များ ဖတ်ကြားတင်ပြခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ ဘဏ္ဍာရေး ရှင်းတမ်း များနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းဝင်ကိုယ်စားလှယ်များထံမှ အတည်ပြုချက်ရယူခဲ့ပြီး နောက် Exim Bank အပြေအကြေပေးဆပ်ပြီး တာဝန်ကြေသော အခြေခံသမဝါယမအသင်းများ အား အသင်းရန်ပုံငွေများကို ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အသင်းတာဝန်ခံများထံ အသီးသီး ပေးအပ်ခဲ့သည်။ ၎င်းနောက် လစ်လပ်သွားသော အမှုဆောင်အဖွဲ့ရွေးချယ်ခြင်းနှင့် အတည်ပြုချက် ရယူခြင်း၊ တာဝန်ခွဲဝေသတ်မှတ်ခြင်းနှင့် အသင်းစုချုပ်သို့စေလွှတ်မည့် ကိုယ်စားလှယ်အမည်စာရင်း ရွေးချယ်အတည်ပြုခဲ့ကြကာ၊ သဘာပတိမှ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးအား အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်