Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပ


02 Jun,2022

ရန်ကုန်၊ ဇွန် ၁ 

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်မှ ကြီးမှူး၍ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းပညာကာလတိုသင်တန်းဖြစ်သည့် လူသုံးကုန်ထုတ် လုပ်မှုနည်းပညာသင်တန်း အမှတ်(၁)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မှော်ဘီမြို့နယ်၊ ကုလားကြီး ကုန်းကျေးရွာ၊ မဟာရာဇိန္ဒရာမကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းစီးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်ဦးစီးမှူး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုလားကြီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိ၊ ရပ်ဖများ နှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် မှော်ဘီမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ရန်ကုန်မြောက်ပိုင်းခရိုင် ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ဖြစ်ပုံနှင့်ပတ်သက်၍ရှင်းလင်းပြောကြားရာတွင် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းများအားမှတ်ပုံတင်ခွင့်ပြုပေးခြင်း၊ အားပေးကူညီပေးခြင်းနှင့်အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်သည့်အသေး စားစက်မှုလက်မှုလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများကလည်း သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင်လုပ်ငန်းများထူထောင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များပေါ်ပေါက် လာစေရန် ကြိုးစားစေလိုပါကြောင်း၊ သင်တန်းတွင်သင်ကြားမည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာများကို သေချာဂရုတစိုက် လေ့လာမှတ်သားသွားကြရန် လိုအပ်ကြောင်းပြောကြားသည်။ 

အဆိုပါသင်တန်းတွင် ဆပ်ပြာရည်အမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ ခေါင်းလျှော်ရည်၊ လက်သန့် ဆေးရည်၊ ဓာတုပစ္စည်းများနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အမှတ်တံဆိပ်တွင် ဖော်ပြရမည့်အချက်များစသည့် ဘာသာရပ်များကို ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm