Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေဘိုမြို့နယ်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး"အဆင်မြင့်ကွန်ပျူတာသင်တန်း" ဖွင့်ပွဲကျင်းပပြုလုပ်


12 Sep,2023

ရွှေဘို    စက်တင်ဘာ      ၁၂
 
                စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင်  ဝန်ထမ်းများရုံးလုပ်ငန်းဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေရန်နှင့်စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ "အဆင့်မြင့်ကွန်ပျူတာသင်တန်း" ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀နာရီတွင် အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
 
                ရှေးဦးစွာ ရွှေဘိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်က "အဆင့်မြင့်ကွန်ပျူတာသင်တန်း" ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချ‌ပေးသော သင်ခန်းစာများကို လက်တွေ့အသုံးချပြီး မိမိတို့၏လုပ်ငန်းခွင်၌ ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊မိမိတို့၏ စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ်လေ့လာသင်ယူကြဆွေးနွေးမှာကြားသည်။
          
               ဆက်လက်၍ သင်တန်းနည်းပြ ဦးစိုးမင်းမောင်မှ သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအားရှင်းလင်းပြောကြားခဲ့သည်။အဆိုပါ "အဆင့်မြင့်ကွန်ပျူတာသင်တန်း "ကို ရွှေဘိုခရိုင်၊ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား/သင်တန်းသူ(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းကိုစက်တင်ဘာ (၁၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ (၁၅)ရက်ကြာ စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm