Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လင်းခေးမြို့ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


12 Sep,2023

လင်းခေး  စက်တင်ဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမ အသင်းလီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဦးစိုင်းကြည်ရွှင်နှင့် လင်း‌ခေးမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်ဌေးခိုင်တို့က အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာရေးလက်ကျန် ရှင်းတမ်း ဖတ်ကြားခြင်း၊ အသင်းသားများ၏အကြံပြုချက်များရယူခြင်းနှင့် သဘာပတိ၏ အတည်ပြု ချက်ကိုရယူကြသည်။

ထို့နောက်အစည်း အဝေးတက်ရောက်လာကြသည့် အသင်းသားများအား အသင်းသားများ၏ စုဆောင်းငွေအပေါ် အမြတ်‌ငွေနှင့် အစည်းအဝေးစရိတ်စုစုပေါင်း(၂၄၇၇၀၀၀) ကျပ် ထုတ်ပေးပြီး၊ အခမ်းအနားသို့ အသင်းသားစုစုပေါင်း(၄၆၁)ဦးအနက် (၃၁၁)ဦးတက်ရောက်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm