Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်


12 Sep,2023

ကံမ      စက်တင်ဘာ        ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ ၇ ရွာမှ စီမံကိန်းကော်မတီများထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပထမဦးစွာ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီး ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအုန်းဌေး၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမြင့်ရွှေ နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့် ရေလယ်ကျွန်းမြောက်၊ ဝက်တိုး၊ ဝက်ကုန်း၊ သညန်း၊ ငွေလေး၊ အထက်မီးပေါက်ကျေးရွာနှင့် ပန်းတင်ကျေးရွာတို့မှ စီမံကိန်းကော်မတီဝင်များထံသို့ တစ်ရွာလျင်ရန်ပုံငွေ ကျပ်သန်း တစ်ရာ့ငါးဆယ်စီကို လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဆောင်ရွက်မည့် ကျေးရွာ ၇ ရွာမှ ကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm