Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်၊ကြက်ဟင်းခါးကျွန်းကျေးရွာ၌ မြေနီကျောက် စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုအားကွင်းဆင်းစစ်ဆေး


11 Sep,2023

စလင်း        စက်တင်ဘာ          ၁၁
 
မကွေးတိုင်းဒေသကြီး၊စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ပံပိုးရန်ပုံငွေကျပ်သိန်း ၁၅၀ ဖြင့်‌ ရေကြည်ကျေးရွာအုပ်စု၊ကြက်ဟင်းခါးကျွန်းကျေးရွာ၌ ကျေးရွာတွင်း‌ မြေနီကျောက် စရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုအခြေအနေများကို စက်တင်ဘာ ၁၀ရက် နံနက်ပိုင်းတွင် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  မြို့နယ်ဦးစီးမှူးဦး‌မောင်မောင်သွင်နှင့်အင်ဂျင်နီယာများအဖွဲ့က  ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကြက်ဟင်းခါးကျွန်း ကျေးရွာ၌ ‌ရေသန့်စင်စနစ်ဆောင်ရွက်မည့်နေရာများ၊ကျေးရွာတွင်းမြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်‌နေမှုများအား တိုင်းတာစစ်ဆးခဲ့ပြီး မြို့နယ်ဦးစီးမှူးကကျေးရွာဖွံ့ဖြိုးရေးကော်မတီတင်များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
 
ကြက်ဟင်းခါးကျွန်းကျေးရွာ၌ လမ်းအရှည် ၄၅၀၀ ပေ၊အကျယ် ၁၂ပေ၊၉လက်မထု ဖြင့်‌ မြေနီကျောက်စရစ်လမ်းခင်းခြင်းနှင့် ရေသန့်စင်စနစ်ဆောက်ရွက်ခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ်သိန်း ၁၅၀ အသုံးပြု၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျေးရွာလူထုကိုယ်တိုင် ၂၀၂၃ခုနှစ် စက်တင်ဘာ ၁၀ရက်နေ့တွင်လုပ်ငနိးစတင်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကြက်ဟင်းခါးကျွန်းကျေးရွာရှိ အိမ်ခြေ ၁၁၉အိမ် ၊လူ ၆၉၆ဦးတို့၏လူမှုရေး၊စီးပွားရေးများယခင်ထက်ပိုမိုကောင်းမွန်လာမည်သာမက ကျေးလက်ရေသန့်စင်စနစ်ဆောင်ရွက်ပေးမှုကြောင်း သန့်ရှင်းသောသောက်သုံးရေကို ငွေကြေးဖြင့်ဝယ်ယူသောက်သုံးစရာမလိုဘဲ မိမိတို့ကျေးရွာတွင်လွယ်ကူစွာခတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း 
မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်မှပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm