Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


11 Sep,2023

စလင်း စက်တင်ဘာ ၁ဝ

      မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်တွင် မြေမိကုန်း-အရှေ့ချောင်းဖြူ-ကြူဝန်း ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းကတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ချစ်စုပြည့်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ)၊ ဦးခိုင်မင်းစိုးနှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံအင်ဂျင်နီယာက ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များ ရှင်းလင်းတင်ပြရာ မြို့နယ်တာဝန်ခံ ဒေါ်ချစ်စုပြည့်ကလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားစေလိုကြောင်း မှာကြားသည်။

       မြေမိကုန်း-အရှေ့ချောင်းဖြူ-ကြူဝန်း ကျေးရွာချင်းဆက်လမ်း အရှည် တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် တစ်ပေ သုံးလက်မရှိ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံ ငွေကျပ် သိန်း ၂၃၉၀ ဖြင့် MCAE ကုမ္ပဏီက ယခုနှစ် ဇူလိုင် ၉ ရက် မှစတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၃၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm