သံတွဲ စက်တင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သံတွဲခရိုင်အတွင်း ပြည်ထောင်စု၊ ပြည်နယ် (ငွေလုံး ငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၃၂၃ ဒသမ ၇၄၈ သန်းဖြင့် လမ်းတံတားလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန သံတွဲခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်မြတ်ဦး ထံမှသိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီ များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် သံတွဲခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) က လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားကြရန် မှာကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)များက လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းများ၏ လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသေးစိတ်ရှင်းလင်းပြောကြားကာ ကုမ္ပဏီမှတာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
သံတွဲခရိုင်တွင် ပြည်ထောင်စု၊ ပြည်နယ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၁၃၂၃ ဒသမ ၇၄၈ သန်းဖြင့် ကွန်ကရစ်လမ်း ခြောက်လမ်း၊ ကျောက်ချောလမ်းတစ်လမ်း၊၁၀ ပေ တံတားတစ်စင်း၊ ရေပြွန် ၂၈ စင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်