Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


01 Jun,2022

အမရပူရ ဇွန် ၁ ရက်

ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉နာရီအချိန်တွင် ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ သင်တန်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် ဆရာ၊ဆရာမများ စုစုပေါင်း ၆၅ ဦး ခန့် တက်ရောက်ခဲ့ကြပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းတွင် စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့်ကိုယ်တိုင်းတာနည်းများ၊ အခြေခံမဝတ်အင်္ကျီ၊ ရင်ဖုံးအင်္ကျီ၊ သင်္ဘောသားအင်္ကျီ၊ ဘောင်းဘီ၊ အခြေခံစကဒ်နှင့် ကလေးဝတ်စကဒ်/ဂါဝန်တို့အား Pattern ရေးဆွဲခြင်းနှင့်ချုပ်နည်းတို့ကို တစ်လကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm