ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ပံ့ပိုးငွေ ရယူ၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရေပေါ်သောင်ကျေးရွာ သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင် မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဝင်းဇော် နှင့်တာဝန်ရှိသူများက ရေပေါ်သောင်ကျေးရွာတွင် ရွှေသောင်ယံမျိုးစေ့ထုတ်သမဝါယမအသင်းလီမိ တက်မှ အသင်းသားတောင်သူ(၁၁)ဦးစိုက်ပျိုးထားသည့် ဆင်းသုခစပါးစိုက်ခင်းများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံကာ မိုးစပါးများအောင်မြင်စွာ စိုက်ပျိုး နိုင်ရေး၊ သွင်းအားစုများအား အချိန်အခါနှင့်အညီစနစ်တကျအသုံးပြုသွားရန်နှင့် ပျက်စီးလေ့လွင့်မှု နည်းအောင် ဆောင်ရွက်သွားရန်တို့ကို အသိပညာပေးရှင်းလင်းပြောကြားသည်။
ထန်းတပင်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှပံ့ပိုးငွေရယူ၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော သမဝါယမအသင်းသား တောင်သူ(၁၁၇)ဦးရှိကြောင်း လည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်