Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲကျင်းပ


11 Sep,2023

နေပြည်တော် စက်တင်ဘာ  ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက မိမိတို့ဝန်ကြီးဌာနနှင့် ဦးစီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များအား သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း ရုံးလုပ်ငန်းများနှင့် လက်အောက်ဝန်ထမ်းငယ်များအပေါ် စီမံခန့်ခွဲခြင်း၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ကျွမ်းကျင်ထိရောက်စေရန်နှင့် တစ်ဦးချင်းစီ၏ အရည်အချင်းမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အသီးသီးမှ မြို့နယ်ဦးစီးမှူး များအနေဖြင့် အလယ်အလတ်အဆင့် အရာထမ်းများဖြစ်သည်နှင့်အညီ သက်ဆိုင်ရာရုံးအဆင့်ဆင့်မှ ပေးအပ်သောလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရသဖြင့် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို အောင်မြင်စွာ ဆောင်ရွက်ရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်ကို သတိပြုမိစေလိုကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် စီမံခန့်ခွဲမှုသည် အဖွဲ့အစည်းများအတွက် မဖြစ်မနေလုပ်ဆောင်ရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး မြို့နယ်ဦးစီးမှူးများအနေဖြင့် မိမိတို့အား ပေးအပ်ထားသောတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း စွမ်းဆောင်ရည် ပြည့်ဝပြီး ခေါင်းဆောင်ကောင်းများဖြစ်လာစေရေးအတွက် သင်တန်းကာလအတွင်း လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်ပါကြောင်း၊            အဖွဲ့လိုက်စည်းလုံးညီညွတ်မှုတည်ဆောက်ခြင်း၊ ဦးဆောင်မှုပေးခြင်းနှင့် အဖွဲ့လိုက်လုပ်ငန်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍  အုပ်စုအလိုက်  စာတမ်းပြုစုခြင်း၊ ပြန်လည်တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက် ရမည် ဖြစ်ပြီး သင်တန်းကာလအတွင်း သင်ကြားခဲ့သော သင်ခန်းစာများ ပိုမိုထိရောက် အကျိုးရှိစေရေး အတွက် သင်ခန်းစာများနှင့် ပတ်သက်၍ အုပ်စုလိုက်သော်လည်းကောင်း၊ တစ်ဦးချင်း အလိုက် သော်လည်းကောင်းဆွေးနွေးတင်ပြရမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးချက်များအပေါ် အပြန်အလှန် မေးခွန်းများမေးမြန်းကြဖို့လည်း တိုက်တွန်းလိုပါကြောင်း၊ မြို့နယ်ဦးစီးမှူးများ အနေဖြင့် ဦးစီးဌာနမှ တာဝန်ယူလုပ်ကိုင်နေသော လုပ်ငန်းများနှင့် စီမံကိန်းများအောင်မြင်စေရေးနှင့် ရေရှည်တည်တံ့ နိုင်ရေအတွက် ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ ဌာနများနှင့် အချိတ် အဆက်မိမိ ဟန်ချက်ညီညီပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသော သင်ခန်းစာများကို အထူးအလေးပေး လေ့လာသင်ယူပြီး လက်တွေ့နယ်ပယ် တွင် အကျိုးရှိအောင်အသုံးချရင်း နိုင်ငံတော်အတွက် လိုအပ်သော စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းကောင်းများဖြစ်စေရေးအတွက် အစွမ်းကုန်ကြိုးစားအား ထုတ်ကြရန်နှင့် မိမိလက်အောက် ဝန်ထမ်းများနှင့် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ပြီး ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်သွားရန် မှာကြားပြီးနောက် သင်တန်းသားသင်တန်းသူများက တစ်ဦးချင်းမိတ်ဆက် ကြပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင် က စဉ်ဆက်မပြတ် ဘက်စုံကျေးလက်ဖွံ့ဖြိုးရေးအတွက် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပေဒေ၊ နည်းဥပဒေရေးဆွဲခြင်း လုပ်ငန်း စဉ်အဆင့်ဆင့်၊ စာရင်းစစ်ကန့်ကွက်ချက်များ လျော့နည်းရေး ရှင်းလင်းဆွေးနွေးခြင်း၊ ကျေးလက် ဒေသရေရရှိရေးနှင့် ကုန်ထုတ်တံတားလုပ်ငန်းများ အကောင်အထည်ဖော်မှုအပေါ် စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းဆိုင်ရာဘာသာရပ်၊ မဟာဓါတ်အားလိုင်းပြင်ပ ကျေးလက် မီးလင်းရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များအားလည်းကောင်း အသီးသီးပို့ချ ဆွေးနွေးကြပါသည်။

အဆိုပါ မြို့နယ်ဦးစီးမှူးများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူး သင်တန်းသား သင်တန်းသူ (၅၂)ဦးတက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ  (၁၀)ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm