ရမ်းဗြဲ စက်တင်ဘာ ၇
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော လမ်း/တံတားများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ကျောက်ဖြူခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမောင်မောင်ကျော်၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)ဦးဆောင်သည့် (QC)အဖွဲ့၊ ဦးစီးအရာရှိ (မြို့ပြ) ရမ်းဗြဲမြို့နယ်နှင့် ကုမ္ပဏီများမှ တာဝန် ရှိသူများသည် နားမူးတွေငစမိ-ရှောက်ချောင်းလမ်း၊ စကုကျွန်း ပတ်လမ်း၊ ရှောက်ချောင်း-မီးကျောင်းတက်လမ်းဆုံမှ အချိန်ပြင် ကျေးရွာအဝင်လမ်း၊ သင်ပန်းချိန်-တောကြား-ဆေးသမား-သစ်ပုတ်ချိန် လမ်း၊ ဆေးသမားတံတား နှင့် ကံ့ကော်တံတား စသည့် လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရမ်းဗြဲ(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်