Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

VDPစီမံကိန်းရန်ပုံငွေကျပ်သိန်း၁၀၅၀ လွှဲပြောင်းပေးအပ်ပွဲကျင်းပ


08 Sep,2023

စလင်း     စက်တင်ဘာ     ၈
 
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင်ကျေးရွာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့်အကောင် အထည်ဖော်ဆောင်ရွက်မည် ကျေးရွာခုနှစ်ရွာအတွက် စီမံကိန်းရန်ပုံငွေကျပ်သိန်း ၁၀၅၀ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၇ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
 ရှေးဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်က အဖွင့်အမှာစကားပြောကြားသည်။ဆက်လက်၍ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး‌ဦးမောင်မောင်သွင်က VDP စီမံကိန်း၏ရည်ရွယ်ချက်များ၊စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးရခြင်း၏အကြောင်းအရင်းကိစ္စရပ်များနှင့်လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ကျေးရွာသူ၊ကျေးရွာသားအားလုံး 
တက်ကြွစွာပူးပေါင်းဆောင်ရွက်စေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
 
ထို့နောက်စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေါ်စုစန္ဒာ(ဦးစီးအရာရှိ-နည်းပညာ)မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်ဝကောင်းမွန်သောလုပ်ငန်းတစ်ခုဖြစ်မြောက်စေရေးအတွက်လိုက်နာကျင့်သုံးရမည့် အချက်များ၊ရှောင်ကျဉ်ရမည့် ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး VDPစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ ခုနှစ်ရွာအတွက် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၅၀စီဖြင့် စုစုပေါင်းငွေကျပ်သိန်း၁၀၅၀ အား ကျေးရွာဖွံ့ဖြိုးရေးကော်မတီများထံသို့ မြို့နယ်အဆင့်တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ခဲ့သည်။
 
အဆိုပါအခမ်းအနားက စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင်နှင့်ဝန်ထမ်းများ၊သမဝါယမဦးစီးဌာနမှ ဦးစီးမှူး ဒေါ်လဲ့လဲ့ဝင်း၊စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်မိုးမိုးကြည် (ဒုတိယဦးစီးမှူး)နှင့်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာရွာဖွံ့ဖြိုးရေးကော်မတီဝင်များတက်ရောက်ခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သွင် ထံမှသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm