Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပ


01 Jun,2022

နေပြည်တော်၊ ဇွန် ၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဝန်ကြီးဌာနစုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (နည်းပညာ)၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား ၁၆၂ ဦး တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာအခက်အခဲများ၊ လုပ်ငန်းခွင်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် တင်ပြကြရန်နှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို ဝိုင်းဝန်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဌာနခွဲများ၏ ဦးတည်ချက်၊ လုပ်ဆောင်ချက်များကို သိစေလို၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအား နှစ်စဉ် အရာထမ်း၊ အမှုထမ်းထူးချွန်ဆုများ ချီးမြှင့်ပေးသွားပြီး လုပ်ငန်းခွင်ပျော်ရွှင်အောင် ဆောင်ရွက်‌ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က ဌာနခွဲအချင်းချင်း၊ ဝန်ထမ်းများ အချင်းချင်း အတူတကွပူးပေါင်းဆောင်ရွက်ကြရန်၊ ဤကဲ့သို့ ဆောင်ရွက်ပါက အောင်မြင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များကို ကွဲကွဲပြားပြား သိရှိနားလည်ထားရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် Microsoft Word နှင့် Excel တို့ကို တတ်မြောက်ထားရန်လိုအပ်ကြောင်းနှင့် ဒုတိယဦးစီးမှူးအဆင့်ဆိုပါက Power Point ကို တတ်မြောက်ထားရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဌာနခွဲ (၇)ခု မှ ညွှန်ကြားရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ခံများက ဌာနခွဲများ၏ လုပ်ငန်းတာဝန် ဆောင်ရွက်မှုအခြေအနေများကို အသီးသီးရှင်းလင်းဆွေးနွေးကြပြီး ဌာနခွဲများမှ ဝန်ထမ်းများက အခက်အခဲများကို တင်ပြကြရာ တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြေရှင်းပေးကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် အလုပ်တစ်ခုလုပ်ရာတွင် အဆုံးထိကြိုးစား၍ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အခက်အခဲများရှိပါက ပွင့်လင်းမြင်သာစွာတင်ပြဆောင်ရွက်ရန်၊ မိမိတို့သည် ဝန်ထမ်းများဖြစ်၍ အဖွဲ့အစည်းများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်ပြီး ဥပဒေဘောင်အတွင်းနေထိုင်ကြရန် စသည်ဖြင့် ထည့်သွင်းပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm