Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လားရှိုးမြို့ရှိ ဝန်ကြီးဌာနအောက် ဝန်ထမ်းများအား တွေ့ဆုံမှာကြား


10 Sep,2023

နေပြည်တော် စက်တင်ဘာ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးတွင် ဝန်ကြီးဌာနအောက် ဦးစီးဌာနများ မှ ခရိုင်အဆင့် / မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား သေချာစွာ နားလည်သဘောပေါက် သိရှိလိုက်နာ‌ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများအား ထိရောက် အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ မိမိတို့ဝန်ကြီးဌာန၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင် အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရေး၊ သမဝါယမလုပ်ငန်းများနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် သမဝါယမအသင်းများ၊ အသင်းစုများ၊ အသင်းစုချုပ်နှင့် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ကြရေး၊ အသင်းသားတောင်သူများအား သဘာဝမြေဩဇာများ အသုံးပြုရေး အသိပညာပေးဆွေးနွေးကြရန်၊ အထက်အောက် အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ဌာနတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရန်နှင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက အလေးထား ဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဦးစီးမှူးများက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား တင်ပြကြရာ  ပြည်‌ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့ရှိ သမဝါယမဦးစီးဌာနရုံး၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးများသို့ သွားရောက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိစေရေး၊ ကျန်းမာရေးအသိ လုံခြုံရေးသတိတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm