Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ကျင်းပ


08 Sep,2023

နေပြည်တော် စက်တင်ဘာ ၈

ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာလုပ်ငန်း ဆပ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ် (၃၆)၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ဦးစီးဌာနများမှ ကော်မတီဝင်များ တက်ရောက်သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့်အသက်မွေးဝမ်းကျောင်းပညာဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီအောက်တွင် လုပ်ငန်းဆပ်ကော်မတီအနေဖြင့် ဒုတိယဝန်ကြီး၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဥက္ကဌအဖြစ် တာဝန်ယူ၍ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများပါဝင်သော အဖွဲ့ဝင် (၁၄)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ဆပ်ကော်မတီတွင် လုပ်ငန်းတာဝန် (၁၄) ချက် ချမှတ်ထားရှိပြီး လုပ်ငန်း တာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီမှာ ပါဝင်သည့် သက်ဆိုင်ရာဌာနအသီးသီးမှ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊

နယ်စပ်ဒေသများ၏ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဝန်ထမ်းနှင့်အသက်မွေး ဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများတွင် ထည့်သွင်းလျာထားပြီး ဦးစားပေး စီမံကိန်းများအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြဖို့ လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကော်မတီ၏ လုပ်ငန်းစဉ် များနှင့်အညီ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းများ လျာထားဆောင်ရွက်လျက်ရှိသဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသများမှာ ကဏ္ဍအလိုက် ဆောင်ရွက်မယ့် စီမံကိန်းများ အား ဆွေးနွေးပေးကြဖို့ ပြောကြားလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး နယ်စပ်ဒေသနှင့် အတွင်းပိုင်းဒေသများအကြား ကွာဟမှု နည်းနိုင်သမျှနည်းရန်၊ လျှော့ချဆောင်ရွက်သွားရန်အတွက် ဗဟိုကော်မတီ၏ လမ်းညွှန်ချက် မူဝါဒများနှင့်အညီ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာကော်မတီများနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ်ဒေသတွင် နေထိုင်ကြသော တိုင်းရင်းသား လူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဟူသော လုပ်ငန်းစဉ် (၂) ရပ်ကို အောင်မြင် အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး လုပ်ငန်းဆပ်ကော်မတီအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က လုပ်ငန်းဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက မိမိတို့ ဦးစီးဌာနအလိုက် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားမှုများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက် မူကြမ်းအား ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ လုပ်ငန်းတာဝန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတိုက်တွန်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm