မြဝတီ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင်းအလမ်းများရရှိ စေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မဲကနယ်ကျေးရွာအုပ်စု၊ အေးသုခကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်း များအကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် စာရင်းဇယားများဖြည့်သွင်းထားရှိမှုအခြေအနေများကို စက်တင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီခရိုင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အေးသုခကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူးက စီမံကိန်းရေရှည် အောင်မြင်စေရေးအတွက် သက်ဆိုင်သူအားလုံးက ထိန်းသိမ်းဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။
အဆိုပါ အေးသုခကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ငွေကျပ်သန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး သတ္တမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူအသင်းသား ၅၄ ဦးကို အတိုးနှုန်းပြား ၅၀ ဖြင့် ငွေကျပ် ၂၀၄ သိန်း ထုတ်ချေးထားကြောင်း မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးကျော်သူရထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်