Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖာပွန်မြို့နယ် ပုဇွန်မြောင်း+ နို့ထကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး


08 Sep,2023

ဘားအံ စက်တင်ဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင်းအလမ်းများရရှိ စေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ပုဇွန်မြောင်း+နို့ထကျေးရွာ၌  မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများဖြင့် စီမံကိန်းလုပ်ငန်းများအကောင်  အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖာပွန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဉီးခင်မောင်ဝင်း၊မြို့နယ်ဦးစီးမှူး ဦးပြည့်ဦးကိုကိုနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ပုဇွန်မြောင်း+ နို့ထကျေးရွာ၌  မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုကြည့်ရှု့စစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်းက စီမံကိန်းရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ပုဇွန်မြောင်း+ နို့ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅- ၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၃၀ ဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး အဌမအကြိမ်အဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်သူ ၂၇ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး၊  စုစုပေါင်း အသင်းသား ၅၅ ဦးကို မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၉၄ သိန်းအား အတိုးနှုန်း သက်သာစွာဖြင့်ထုတ်ချေးပေးထား ကြောင်း ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm